Follow us
Click here to setup your social networks

ကင်ဆာအကြိတ်မှန်းဘယ်လိုသိနိုင်မလဲ

ကင်ဆာအကြိတ်မှန်းဘယ်လိုသိနိုင်မလဲ


လည်ပင်း(သို့မဟုတ်)ပေါင်ခြံမှာ အကြိတ်လို အလုံး၊အလုံးလေးတွေ စမ်းမိတဲ့သူတွေများရှိကြပါသလား။လူ့ခန္ဓာကိုယ်မှာ ပြန်ရည်ကြောပေါင်းများစွာနဲ့ ဖွဲ့စည်းထားလို့ ကျွန်မတို့နေမကောင်းတဲ့အခါ၊ခန္ဓာကိုယ်ကတုံ့ပြန်မှု တခုခုလုပ်လိုက်တဲ့အခါတွေမှာ အကြိတ်တွေ ထွက်တတ်ပါတယ်။ပြန်ရည်ကြောမဟုတ်ဘဲ အဆီကြိတ်လိုလည်း အသားပိုလေးတွေ ဖြစ်တတ်ကြပါသေးတယ်။

တခါတလေ တချို့ကင်ဆာတွေဟာ အကြိတ်နဲ့တွဲပြီး လာနိုင်ပေမယ့်အကြိတ်တိုင်းဟာလည်းကင်ဆာမဟုတ်ပြန်ပါဘူး။ဒါကြောင့်မို့အကြိတ်မြင်တိုင်း၊အကြိတ်တွေ့တိုင်း ကင်ဆာကြိတ်လားဆိုပြီး စိတ်မပူလေရအောင် ခွဲခြားပုံ၊ခွဲခြားနည်းပြောပြပေးပါမယ်။အဖြစ်များတဲ့နေရာတွေကတော့ လည်ပင်း၊ဂုတ်၊ချိုင်းနဲ့ ပေါင်ခြံနေရာတွေပဲဖြစ်ပါတယ်။ပဲစေ့ အနေအထားကနေ ခေါင်းတလုံးလုံးစာအထိ ကြီးမားတဲ့ပမာဏရှိနိုင်ပါတယ်။

အကြိတ်တွေ ခန္ဓာကိုယ်မှာဖြစ်လာတဲ့အခါ ရိုးရိုးအကြိတ်၊ကင်ဆာအကြိတ်အပြင် တီဘီကြိတ်ပါရှိပါတယ်။ရိုးရိုးအကြိတ်တွေက လုံးဝိုင်းတဲ့ပုံသဏ္ဍာန်ရှိပါတယ်။ပြောင်ချောနေတဲ့မျက်နှာပြင်ရှိပြီး ထိမိတဲ့အခါ အိစိ အိစိဖြစ်နေတတ်ပါတယ်။သေချာကိုင်လိုက်ရင်တော့ နေရာကနေချော်ထွက်သွားတတ်ပါတယ်။ပိုးဝင်တဲ့အခါ နာကျင်ခြင်း၊ရောင်ရမ်းခြင်းတို့ပါ နောက်ဆက်တွဲဖြစ်တတ်ပါတယ်။တီဘီကြိတ်ကတော့ ရာဘာလိုအစေ့လေးတွေဖြစ်ပြီး အကြိတ်တခုနဲ့တခုကပ်နေတတ်ပါတယ်။

ဒါပေမယ့် ကင်ဆာကြိတ်လေးတွေကတော့ မျက်နှာပြင်မညီမညာရှိပြီး မာခဲခဲအစေ့လေးတွေဖြစ်ပါတယ်။အရွယ်အစားက အချိန်တိုအတွင်းမှာ လျင်မြန်စွာပိုကြီးလာတတ်ပြီး ဖြစ်တဲ့နေရာမှာပဲကပ်တွယ်နေတတ်ပါတယ်။ကင်ဆာကြိတ်ရှိနေတဲ့လူနာတွေဟာ အစားအသောက်ပျက်သွားရုံသာမက ကိုယ်အလေးချိန်သိသိသာသာကျဆင်းလာတာကိုလည်း သတိထားမိမှာဖြစ်ပါတယ်။

ဒီလိုခွဲခြားနည်းက တစ်ရာရာခိုင်နှုန်းတော့ အတိအကျမခွဲနိုင်ပါဘူး။ကင်ဆာကြိတ်ဆိုတာ သေချာအောင် အသားစယူပြီးစစ်ဆေးတာ၊သွေးစစ်တာနဲ့ကင်ဆာရှိတဲ့ နေရာကို ရှာဖွေတာတို့ လုပ်ပြီးမှသာ ကင်ဆာဟုတ်၊မဟုတ် သိနိုင်မှာပဲ ဖြစ်ပါတယ်။မိမိခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တဲ့ အကြိတ်တခုခုပေါ်နေရင်တော့ My Medicine က ခွဲစိတ်အထူးကုဆရာဝန်တွေဆီမှာ လာရောက်ဆွေးနွေးတိုင်ပင်လို့ရပါတယ်ရှင်။


Breast Cancer Screening