Follow us
Click here to setup your social networks

နှလုံးပုပ်တယ်ဆိုတာဘာလဲ

နှလုံးပုပ်တယ်ဆိုတာဘာလဲ❓


နှလုံးဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးအတွက် သွေးလည်ပတ်မှုကို တာဝန်ယူပေးရတယ်ဆိုတာ သိတယ်ဟုတ်!

ဒီလို သွေးလည်ပတ်မှုရဲ့ အဓိကထောက်တိုင်ကြီးဖြစ်တဲ့ နှလုံးဆီကို သွေးကြောတွေ ကျဉ်း/ပိတ်ပြီး သွေးတွေရောက်မလာတော့ဘူးဆိုရင်တော့ နှလုံးကြွက်သားတွေ ပုပ်သွားပါတော့တယ်။

နှလုံးရဲ့ လက်သည်းခွံတစ်နေရာလောက်ကို သွေးမရောက်ခဲ့ရင်တောင် အဲ့နေရာကပုပ်သွားပြီး ကျန်တဲ့နေရာတွေကိုပါ ပျံ့နှံ့သွားတာမလို့ အထူးသတိထားရမယ့် အခြေအနေတစ်ခုပါ။

နှလုံးပုပ်နေပြီဆိုရင် အောက်ကလက္ခဏာတွေကို ခံစားရနိုင်ပါတယ် -


🫀 အချိန်အကြာကြီး မခံမရပ်နိုင်လောက်အောင် ရင်ဘတ်အောင့်တာ


🫀 ရင်ဘတ်အောင့်ရာကနေ ဘက်ဘက်လက်မောင်းနဲ့ လည်ပင်းတွေအထိ နာလာတာ


🫀 ချွေးစေးပြန်တာ


🫀 အသက်ရှူကြပ်တာ


🫀 အော့အန်တာ


🫀 မူးဝေတာ


🫀 နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တော့တာ

 

အချို့မှာတော့ ဒီလိုလက္ခဏာ‌တွေပြလို့ နှလုံးပုပ်နေတာမှန်းသိနိုင်သလို တစ်ခါတစ်လေမှာတော့ ဘာလက္ခဏာမှ မပြတတ်တာကြောင့် အခြေအနေပိုဆိုးလာပြီး နှလုံးဖောက်တာ၊ အသက်အန္တရာယ်စိုးရိမ်ရချိန်တွေမှာမှ သိရတာမျိုးလည်း ရှိတတ်ပါတယ်‼️

ဒါကြောင့် ရောဂါလက္ခဏာတွေပြနေပြီဆို နှလုံးကိုစစ်ဆေးကြည့်သင့်သလို မျိုးရိုးအလိုက် နှလုံးရောဂါရှိဖူးသူ၊ အဝလွန်သူတွေအနေနဲ့လဲ 6လ-တစ်နှစ်တစ်ခါလောက် medical checkup အမြဲလုပ်ပေးသင့်ပါတယ်🩺

ကိုယ်နေတဲ့နေရာက ဆေးရုံဆေးခန်းနဲ့အရမ်းဝေးလို့ ပုံမှန်သွားမပြနိုင်ဘူးဆ်ုရင်လည်း My-Medicine မှာ နှလုံးအထူးကုသမားတော်ကြီးများနဲ့ အွန်လိုင်းကဆွေးနွေးပြီး လိုအပ်တဲ့အကြံဉာဏ်များ ရယူနိုင်ပါတယ်နော်။

ဆရာဝန်နှင့် Appointment ယူခြင်း ဝန်ဆောင်မှုပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါ https://mymedicine.com.mm/r/Cardio ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို📱ဖုန်းနံပါတ်  5588 (သို့မဟုတ်) 09779995588  သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။



နှလုံးအဆို့ရှင်ကျယ်ခြင်းအကြောင်း