Follow us
Click here to setup your social networks

နှင်းခူရောဂါဘာကြောင့်ဖြစ်

နှင်းခူရောဂါဘာကြောင့်ဖြစ်


နှင်းခူရောဂါဆိုတာ အရေပြားနီရဲယားယံတဲ့ရောဂါတမျိုးဖြစ်ပြီး အသားရေခြောက်သွေ့တဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။ဒါကကူးစက်ရောဂါ မဟုတ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်အရေပြားထိရုံနဲ့မကူးစက်နိုင်ပါဘူး။ဒါပေမယ့် တခုခုဓာတ်မတည့်တာမျိုး၊အစားမှားတာမျိုးတို့ဖြစ်သွားမယ်ဆိုရင်တော့ ရောဂါကပြန်ကြွတတ်ပါတယ်။

နှင်းခူရောဂါ က ကလေးငယ်ပိစိလေးတွေက အစ ဖြစ်တတ်တဲ့ရောဂါတခုဖြစ်ပြီး အရေပြားမှာတခုခုနဲ့ ဓာတ်မတည့်တဲ့အခါ အရေပြားရောင်ပြီး ယားလာပါတော့တယ်။ရောဂါ ဟာ ပုံစံအမျိုးမျိုးနဲ့ ဖြစ်တတ်ပြီးအရေပြားခြောက်ခြင်း၊အရေပြားယားခြင်း၊အနီကွက်ထခြင်း၊အဖုအပိန့်ထွက်ခြင်း၊ဖြစ်တဲ့နေရာ က အရေပြားထူပိန်းပိန်းကြီးဖြစ်ခြင်း၊ရောင်ရမ်းခြင်းတို့အပြင် အဖြူအဖတ်အဖတ်တွေကွာကျတာမျိုးအထိ ခံစားရနိုင်ပါတယ်။

ဖြစ်ရတဲ့အကြောင်းအရင်းတွေကို လေ့လာကြည့်တဲ့အခါ သဲ၊ဖုန်မှုန့်၊ ဓာတ်မတည့်တဲ့ ဆပ်ပြာ၊ အစွန်းချွတ်ပစ္စည်း၊တိရိစ္ဆာန်အမွှေးတွေနဲ့ scrub တိုက်တဲ့အမှုန့်တွေဟာအရေပြားရောင်ရမ်းတာကို ပိုမိုဆိုးရွားစေပါတယ်။ထူးဆန်းတာတခုကတော့စိတ်ဖိစီးမှုကြောင့်လည်းနှင်းခူပိုဖြစ်စေပါတယ်။ပူနွေးစွတ်စိုတဲ့ဒေသမှာနေရတဲ့သူ၊ချွေးထွက်များသူ၊ချွေးစိုစိုနဲ့အလုပ်လုပ်ရသူ၊ရေအမြဲကိုင်နေရသူ၊အသားအရေခြောက်သွေ့သူနဲ့ ကိုယ်ခံအားနည်းနေသူများ(HIV/AIDS ရောဂါရှိသူ၊ကင်ဆာဆေးသွင်းနေရသူ၊ခုခံအားချနေရသူနဲ့ စတီးရွိုက်ဆေးသောက်ရသူ)များတွင် အဖြစ်များပါတယ်။

လက်၊လည်ပင်း၊တံတောင်၊ဒူးဆစ်၊ခြေထောက်၊နားရွက်၊နှုတ်ခမ်းတို့အပြင် ပါးမို့နဲ့မျက်နှာတွေမှာ ဖြစ်တတ်ပြီး ခန္ဓာကိုယ်အနှံ့ပျံ့တတ်ပါတယ်။ကလေးတွေမှာဆိုရင် ပါးဖောင်းဖောင်းလေးတွေမှာ ထင်ထင်ရှားရှားဖြစ်တတ်ပြီး အရမ်းယားပြီး နာကျင်လွန်းလို့ မခံစားနိုင်လောက်အောင် ငိုကြပါတယ်။နှင်းခူဟာ လူတစ်ယောက်နဲ့တစ်ယောက် ကူးစက်တတ်တဲ့အရေပြားရောဂါတစ်ခုမဟုတ်ပေမယ့် ယားလို့ ကုတ်ဖဲ့မိတဲ့အခါ သွေးထွက်တာ၊ ပေါက်ပြဲတာ၊ အနာတွေတစိုစိုဖြစ်ပြီး ပိုးဝင်ရောင်ရမ်းတာတွေဖြစ်တတ်လို့ အထူးသတိပြုဖို့လိုအပ်ပါတယ်။

အကယ်၍ဆေးဝါးများဝယ်ယူလိုလျှင်ဖြစ်စေ၊အထက်မှာပြောသွားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးရောဂါလက္ခဏာများခံစားနေရလို့အရေပြားအထူးကုဆရာဝန်ကြီးများနဲ့ဆွေးနွေးတိုင်ပင်ပြသလိုလျှင်ဖြစ်စေ   https://mymedicine.com.mm/r/dematoကိုနှိပ်၍သော်လည်းကောင်း၊ ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ လည်းကောင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။



.

ဝဲနေတာ လိပ်ပြာလေးတွေပဲ ကောင်းပါတယ်