Follow us
Click here to setup your social networks

မိုးရာသီနဲ့ထိပ်ကပ်နာ

မိုးရာသီနဲ့ ထိပ်ကပ်နာ


မိုးလေးနည်းနည်း မရွာလိုက်နဲ့… ခေါင်းကိုက်လိုက်၊ နှာပိတ်လိုက်နဲ့မလို့ စိတ်ညစ်နေရပြီလား?

ဒါဆို မိုးတွင်းမှာ အဖြစ်များတတ်တဲ့ ထိပ်ကပ်နာအကြောင်းတော့ သိထားဖို့လိုပြီနော်။

ထိပ်ကပ်နာဆိုတာ နှာခေါင်းအတွင်းပိုင်းက တစ်သျှူးတွေ ရောင်ရမ်းတာကို ခေါ်တာပါ။ ဒီတစ်သျှူးတွေရဲ့ အဓိကလုပ်ငန်းက ရှူရှိုက်တဲ့လေကို စိုစွတ်စေပြီး ဖုန်မှုန့်နဲ့ အခြားအမှုန်အမွှားတွေကို ဖမ်းမိစေဖို့ ကူညီပေးတဲ့ ချွဲတွေ ထုတ်လုပ်ပေးဖို့ပါ။ ဒါပေမယ့် တစ်သျှူးတွေ ရောင်ရမ်းလာတဲ့အခါ ဒီပုံမှန် ချွဲထုတ်လုပ်မှုကို အနှောင့်အယှက်တွေ ဖြစ်စေတာမလို့ နှာခေါင်းပိတ်တာ၊ မျက်နှာတစ်ဝိုက်နာကျင်တာ၊ နားအူတာတို့လို ထိပ်ကပ်နာရဲ့ လက္ခဏာတွေကို မသက်မသာ ခံစားရတတ်ပါတယ်။

"မိုးရာသီမှာမှ ထိပ်ကပ်နာက ဘာလို့ ပိုဆိုးလာတတ်လဲ" ဆိုပြီး တွေးဖူးကြတယ်မလား?

တကယ်တော့ ထိပ်ကပ်နာက မိုးနဲ့ ဘာမှမဆိုင်ပါဘူး။ ဆိုင်တာကတော့ မိုးရာသီနဲ့အတူ လိုက်ပြောင်းလဲနေတဲ့ လေထုအခြေအနေ အပြောင်းအလဲတွေကြောင့်ပါ။ မိုးရွာတဲ့အခါ လေထုထဲက စိုထိုင်းစတွေလည်း မြင့်တက်လာပါတယ်။ ဒီမြင့်မားတဲ့ စိုထိုင်းစက ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုတွေ ပေါက်ဖွားဖို့ အားပေးနေတာကြောင့် မိုးတွင်းမှာ ထိပ်ကပ်နာ ပိုအဖြစ်များတတ်တာပါ။

ဒါ့အပြင် မိုးရာသီမှာ ဝတ်မှုန်နဲ့ မှိုတွေလို ဓာတ်မတည့်မှုဖြစ်စေတဲ့ အမှုန်အမွှားတွေ လေထုထဲ ပျံ့နှံ့မှုလည်း ပိုများတာကြောင့် ဓာတ်မတည့်မှုတွေ ပေါင်းလိုက်တဲ့အခါ ထိပ်ကပ်နာ လက္ခဏာတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒါကြောင့် မိုးတွင်းတစ်ခုလုံး နှာပိတ်လိုက်၊ ခေါင်းကိုက်လိုက်ဖြစ်နေရင် ဒီအချက်တွေကြောင့်လို့သာ မှတ်လိုက်ပါနော်။

မိုးတွင်းတစ်ခုလုံး နှာတွေပိတ်၊ နားတွေအူပြီး ထိပ်ကပ်နာခံစားနေရလို့ စိတ်ညစ်နေပြီဆိုရင် သက်သာအောင် ဒီအချက်လေးတွေ လုပ်ပေးနိုင်ပါတယ်။


  • မိုးရေစိုတာကို ရှောင်ပါ၊ တကယ်လို့ စိုခဲ့ရင်လည်း တစ်ကိုယ်လုံး ဆံပင်ကအစ အဝတ်အစားအဆုံး တတ်နိုင်သမျှ အမြန်ဆုံး ခြောက်အောင် သေချာသုတ်ပေးပါ။
  • လက်ကို ပုံမှန်ဆေးပြီး မျက်နှာကို ခဏခဏကိုင်တာမျိုးလည်း ရှောင်ပေးပါ။
  • လေထုထဲမှာ စိုထိုင်းစတွေ အရမ်းများလာတဲ့အခါ မှိုနဲ့ အခြားဓာတ်မတည့်စေတဲ့အရာတွေ ပေါက်ဖွားလာနိုင်တာကြောင့် အိမ်တွင်းက စိုထိုင်းဆကို ထိန်းသိမ်းနိုင်ဖို့ dehumidifier နဲ့ air conditioner တွေ သုံးပေးနိုင်ပါတယ်။
  • အရည်များများသောက်ပေးတာကလည်း ချွဲတွေပိတ်နေတာကို လျော့စေတာမလို့ နှာခေါင်းပိတ်ပြီး မအီမသာဖြစ်နေတာတွေကို လျှော့ချပေးပါတယ်။
  • နှာခေါင်းတွေ အရမ်းပိတ်ပြီး အိပ်မရတဲ့အခါမျိုးတွေမှာ ချက်ချင်းသက်သာဖို့ nasal spray တွေလည်း သုံးပေးနိုင်ပါတယ်။


ဒါပေမယ့် အပေါ်က အိမ်တွင်းကုထုံးတွေကို လိုက်နာနေတဲ့ကြားက ထိပ်ကပ်နာလက္ခဏာတွေ မပျောက်သွားတာ/ ပိုဆိုးလာတာမျိုးဆိုရင်တော့ နှာခေါင်းပတ်ဝန်းကျင် ရောဂါပိုးဝင်တာမျိုး မဖြစ်လာခင် ဆေးခန်းပြဖို့ အကြံပေးပါရ‌စေ။ ဆရာဝန်ကမှသာ ဘာကြောင့်ဖြစ်ရတယ်၊ ဘာကြောင့်မပျောက်နိုင်တယ်ဆိုတာမျိုးကို တပ်အပ်ပြောနိုင်ပြီး သင့်လျော်တဲ့ ကုသမှုမျိုးကို ပေးနိုင်မှာမလို့ပါ။

တကယ်လို့ နေမကောင်းနေတဲ့ကြားက မိုးရေထဲ တကူးတက ဆေးခန်းသွားမပြချင်ဘူးဆိုရင်လည်း My-Medicine မှာ အိမ်ထဲကအိမ်ပြင်ထွက်စရာမလိုဘဲ ဆရာဝန်ကြီးများနဲ့ အွန်လိုင်းကနေ ဆေးခန်းပြလို့ ‌ရနေပြီမလို့ ခံစားနေရတဲ့ ဝေဒနာအားလုံးအတွက် ဖုန်းနဲ့ အင်တာနက်လေးသာ လိုပါတယ်နော်။

အွန်လိုင်းကနေ ဆေးခန်းပြပြီးတာနဲ့ လိုအပ်တဲ့ ဆေးပစ္စည်းတွေကိုပါ တစ်နေရာထဲမှာ စုဝယ်နိုင်ပြီး မြန်မာတစ်နိုင်ငံလုံးကိုလည်း အိမ်အရောက်ပို့ပေးနေတာဆိုတော့ အိုကေမှာ စိုပြေပြီပေါ့။

ဆေးခန်းပြသလိုပါက https://mymedicine.com.mm/r/gp ဒီလင့်ကိုနှိပ်၍ ရက်ချိန်းယူလို့ရသလို့ ဖုန်းနံပါတ် 5588 နှင့် 09-77-999-5588 သို့ ဆက်သွယ်မေးမြန်း စုံစမ်းလို့လဲရပါတယ်။

ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်နော်။




မကူးစက်တတ်သောရောဂါများ