Follow us
Click here to setup your social networks

ကိုယ်ဝန်ဆောင်ချိန် Gym ဆော့လို့ရလား?

ကိုယ်ဝန်ဆောင်ချိန် gym ဆော့လို့ရလား?


သင်ဟာ နေ့တိုင်း လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့သူဖြစ်ပါသလား။လူတစ်ယောက်ဟာ သက်ရှည်ကျန်းမာဖို့ တနေ့ကို နာရီဝက်လောက်တော့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်သင့်ပါတယ်။တကယ်လို့ ပိုပြီး အချိန်ပေးနိုင်ရင်တော့ home workout တွေ gym exercises တွေဆော့ကစားလို့ရပါတယ်။ဒါဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာရော ငြိမ်ငြိမ်လေးပဲ နေရတော့မှာလား။

Gym ဆော့နေကျ အမျိုးသမီးတစ်ယောက် က ကိုယ်ဝန်ဆောင်တဲ့အခါမှာ လေ့ကျင့်ခန်းတွေ ဆက်လုပ်လို့ရလား သိချင်တတ်ကြပါတယ်။Gym exercises တွေထဲမှာ ကြိုးခုန်တာမျိုး၊အလေးတုံးနဲ့ မ တာမျိုး၊အမြန်ပြေးတာမျိုးတွေ ပါနေတဲ့အတွက်ကြောင့် သန္ဓေသားကို ထိခိုက်နိုင်လား စိုးရိမ်ကြပါတယ်။အခန့်မသင့်ရင် ကိုယ့်ကြောင့် ဗိုက်ထဲက ကလေးပျက်ကျတာမျိုးအထိ ဖြစ်သွားနိုင်လားဆိုတာ လေ့ကျင့်ခန်းလုပ်တဲ့သူတွေရဲ့ အဓိက စိုးရိမ်တဲ့အချက်ပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဘယ်နှလပဲရောက်ရောက် gym ဆော့လို့ရပါတယ်။တခါလုပ်ရင် ဆယ်မိနစ်နဲ့ တနေ့ကို မိနစ် ၃၀ နဲ့ ၄၀ လောက်ထိ လေ့ကျင့်ခန်းလူပ်လို့ရပါတယ်။အလေးမ လေ့ကျင့်ခန်းလိုဟာမျိုးကိုတောင် ကိုယ်ဝန် ပထမ ၃ လကျော်ပြီဆိုတာနဲ့ ၁၀ ပေါင်ပမာဏလောက်ဆိုရင် ဆရာဝန်ရယ် trainer ရယ်နဲ့ သေချာတိုင်ပင်ပြီး ကိုယ်ဝန်ဆောင်မိခင်က လေ့ကျင့်ခန်းလုပ်လို့ရတယ်လို့ လေ့လာချက်များအရတွေ့ရှိရပါတယ်။အဓိကကတော့ ကြွက်သားကျစ်တဲ့လေ့ကျင့်ခန်းတွေ၊အသက်ရှူလေ့ကျင့်ခန်း၊မိန်းမကိုယ်ကြွက်သားလေ့ကျင့်ခန်းနဲ့ ယောဂ လို ဟာမျိုးတွေဆိုရင် ပေါ့ပေါ့ပါးပါးဆော့လို့ရပါတယ်။

ဒါပေမယ့် ကိုယ်ဝန် ၁၆ ပတ်ကျော်တာနဲ့ ပက်လက်လှန်ပြီးလုပ်ရတဲ့လေ့ကျင့်ခန်းတွေဟာ ကျောရိုးကို ထိခိုက်စေတဲ့အတွက် မလုပ်သင့်ပါဘူး။ဝမ်းဗိုက်ကိုထိခိုက်စေမယ့် ပြင်းထန်တဲ့ကိုယ်ကာယလှုပ်ရှားမှုတွေကိုလည်း ရှောင်ကြည်ရပါမယ်။Gym ဆော့တာမဟုတ်ရင်တောင် ဆိုင်ကယ်စီးတာ၊မြင်းစီးတာတွေက ကိုယ်ဝန်ကို ထိခိုက်စေလို့ မလုပ်သင့်ပါဘူး။ဒီလောက်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာလည်း စိတ်ချလက်ချ gym ဆော့လို့ရနိုင်ပါပြီရှင်။

ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။


ကလေးက ဝတိုင်းချစ်စရာကောင်းလား