Follow us
Click here to setup your social networks

မလိုအပ်ရင် ခွဲမမွေးသင့်တဲ့ ကိုယ်ဝန်ဆောင်ကျန်းမာရေး

မလိုအပ်ရင် ခွဲမမွေးသင့်တဲ့ ကိုယ်ဝန်ဆောင်ကျန်းမာရေး


-ကျွန်မမွေးတဲ့ကလေးလေး က ရာဇဖွားဖြစ်အောင် ဗေဒင်ဆရာနဲ့ အမေက သွားမေးတော့ဗုဒ္ဓဟူးနေ့ ၁၀ နာရီ ၁၀ မိနစ်ကနေ ၁၀ နာရီခွဲအတွင်း မွေးပေးပါတဲ့ ဆရာမ


-ကလေးမွေးပြီးရင် အလှပျက်မှာစိုးလို့ ခွဲပဲမွေးပေးနော် ဆရာ


-ကလေးမွေးရင် နာတဲ့ဒဏ်ကို မခံနိုင်လို့ပါ ဆရာမရယ်


အမျိုးသမီးတစ်ယောက် ကိုယ်ဝန်စရှိလာပြီဆိုရင် ကိုယ်ဝန်ဆောင်ကာလတစ်လျှောက် ခင်ပွန်းရော၊မိသားစုသူငယ်ချင်းတွေရော၊အမျိုးအဆွေသူငယ်ချင်းတွေရော အရိပ်တကြည့်ကြည့်ဂရုစိုက်ကြသလို မွေးခါနီးအချိန်ရောက်ခါနီးလေ ဘယ်နေ့မွေးကြမလဲ?ဘယ်လို မွေးကြရင်ကောင်းမလဲ?ဆိုတာကလည်း ခေါင်းစားစရာ ကိစ္စတခုဖြစ်လာပြန်ပါတယ်။

ယနေ့ခေတ် ဘုံကျောင်းစာချခြင်း၊နက္ခတ်ဗေဒင်အယူတို့အရ အချိန်သတ်မှတ်ခြင်းနဲ့ အလှအပရေးရာအတွက် စိုးရိမ်မှုများရှိသဖြင့် ခွဲမွေးသည့်ကိုယ်ဝန်ဆောင်ဦးရေများလာပေမယ့်လည်း တကယ်တမ်းတော့ ကိုယ်ဝန်ဆောင်မိခင်လောင်းတဦး ခွဲမွေးသင့်၊မမွေးသင့်ကို အချက်၂ ချက်နဲ့ကြည့်ပါတယ်။


ပထမဆုံး မိခင်အနေအထားပေါ့နော်

  • ကိုယ်ဝန်ဆိပ်တက်နေခြင်း
  • ကိုယ်ဝန်ဆောင်မိခင်နှလုံးရောဂါရှိခြင်း
  • ဦးနှောက်သွေးကြောမူမမှန်သည့်ရောဂါရှိခြင်း
  • ကိုယ်ဝန်ဆောင်မိခင်တင်ပါးဆုံရိုးခွင်ကျဉ်းခြင်း
  • ကိုယ်ဝန်ဆောင်မိခင်အရပ်ရှိခြင်း
  • ယခင်ကလေးကိုခွဲမွေးထားခြင်း
  • ခုခံအားကျဆင်းမှုကူးစက်ရောဂါရှိခြင်း
  • မိန်းမကိုယ်ရေယုန်နဲ့ကြွက်နို့များရှိခြင်း
  • သားအိမ်နှင့်အချင်းအနေအထားမမှန်ခြင်း
  • သားအိမ်နှင့်ဆိုင်သည့်ရောဂါရှိခြင်း
  • ဝမ်းဗိုက်ပိုင်းဆိုင်ရာခွဲစိတ်မှုပြုလုပ်ထားခြင်း
  • မိန်းမကိုယ်နားတဝိုက်ခွဲစိတ်မှုပြုလုပ်ထားခြင်းနဲ့
  • မိန်းမကိုယ်တွင်ပြဲကြောင်းရာရှိခြင်းတို့ဆိုရင်တော့ ခွဲမွေးတဲ့နည်းလမ်းကိုရွေးပါတယ်။


ကလေးဖက်ကိုကြည့်ရင်လည်း

  • ကလေးလည်ပင်းချက်ကြိုးပတ်နေခြင်း
  • ကလေးကန့်လန့်ဖြစ်ခြင်း
  • ကလေးလမစေ့ပေါင်မပြည့်ဘဲမွေးခြင်း
  • ကလေးခေါင်းကြီးနေခြင်း
  • မွေးရာပါကလေးတွင်ရောဂါရှိနေခြင်းနဲ့
  • ရိုးရိုးမွေးရန်ရည်ရွယ်ထားသော်လည်းအချိိန်ကြာနေခြင်း တို့ဆိုရင် ခွဲမွေးရပါတယ်။


ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်ဆန္ဒအရ ခွဲမွေးတဲ့ဖြစ်စဉ်တွေကလည်း တဖြည်းဖြည်းများလာတဲ့အတွက်ကြောင့်မို့ မလိုအပ်ဘဲ ခွဲမမွေးသင့်ကြောင်းလေး ကို သတိထားမိအောင် ရှင်းပြချင်ပါတယ်။

ခွဲမွေးတဲ့မိခင်က ကျန်းမာရေးအကုန်ကောင်းနေရင်တောင် ခွဲစိတ်တဲ့ဒဏ်နဲ့ မေ့ဆေး၊ထုံဆေးဒဏ် ကို အနည်းနဲ့အများ ခံစားရပါတယ်။ဒါကြောင့်မို့လို့ ခွဲစိတ်မှုတခုပြုလုပ်ခါနီးရင် မေ့ဆေး၊ထုံဆေးအန္တရာယ်နဲ့ ခွဲနေစဉ်ဖြစ်တတ်တဲ့သဘောသဘာဝကို သဘောတူညီကြောင်း လက်မှတ်အရင်ထိုးခိုင်းခြင်း ဖြစ်ပါတယ်။

ခွဲစိတ်မှုပြုလုပ်ရတာဖြစ်တဲ့အတွက် သွေးထွက်လွန်နိုင်ပါတယ်။သားအိမ်ကိုခွဲစိတ်ထားရတာဖြစ်တဲ့အတွက် ဆီးအိမ်ညှစ်အားလျော့အောင် ဆီးပိုက် ၂၄ နာရီထည့်ပေးရတာမျိုးရှိပါတယ်။ရိုးရိုးမွေးမိခင်တွေ မွေးပြီးနောက်တရက်ဆို ဆေးရုံဆင်းလို့ရပေမယ့် ခွဲစိတ်မှုပြုလုပ်ထားတဲ့အတွက် ဆေးရုံမှာ အနည်းဆုံး ၃ ရက်ကနေ အများဆုံး ၅ ရက်ထိ နေကြရပါတယ်။ခွဲကြောင်းတလျှောက်နဲ့ချုပ်ရိုးမှာ နာကျင်ခြင်း၊ အခန့်မသင့်ရင် ပိုးဝင်ခြင်းများဖြစ်တတ်ပါတယ်။ခွဲမွေးလိုက်ပြီဖြစ်တဲ့အတွက် ချုပ်ရိုးနာတယ်ဆိုပြီး မလှုပ်ရှားဘဲ ငြိမ်နေရင် ခြေထောက်သွေးခဲပိတ်တဲ့ကိစ္စပါ ပိုလာနိုင်ပါတယ်။ဒါကြောင့်မို့ ခွဲမွေးပြီး အစာစားနိုင်တာနဲ့ သားဖွားမီးယပ်ဆရာဝန်တွေက လူနာခြေထောက်တွေလှုပ်ပေးဖို့၊လမ်းလျှောက်ဖို့ တိုက်တွန်းရခြင်းဖြစ်ပါတယ်။ခွဲပြီး ၆ ပတ်အထိအပြင်ချုပ်ရိုးနေရာ၊အတွင်းသားအိမ်ချုပ်ရိုးနေရာတွေ သတိထားပြီး သွားလာနေရမှာဖြစ်ပါတယ်။

ဒါ့အပြင် ချုပ်ရိုးပြဲမှာစိုးလို့ အလေးအပင်မဖို့ကိုလည်း အထူးသတိပြုရမှာဖြစ်ပါတယ်။သန့်ရှင်းမှုအားနည်းတဲ့ အမျိုးသမီးတွေဆိုရင် ချုပ်ရိုးနေရာမှာ ပြည်တည်တဲ့အတွက်ကြောင့် နောက်တချိန်ပြန်ခွဲခန်းဝင်ရတာမျိုးရှိပါတယ်။ရိုးရိုးမွေးရင် နာမှာကြောက်တတ်တဲ့မိခင်တွေအတွက်လည်း နာတာမသိရလေအောင် ယနေ့ခေတ်မှာ ဆေးတမျိုးအကူအညီနဲ့ မွေးလို့ရနေပါပြီ။ရိုးရိုးမွေးမိခင်တွေ ကလေးမွေးပြီး နောက်တရက် ဖလန်း ဖလန်း လျှောက်သွားနိုင်ချိန်မှာ ခွဲမွေးထားတဲ့မိခင်တွေကတော့ တခြားသူအကူအညီနဲ့ သွားလာနေရတုန်းပါပဲ။ခွဲမွေးထားလို့ သားအိမ်မှာ ချုပ်ရိုးရှိသွားပြီဖြစ်တဲ့အတွက် နောက်ထပ်ကလေးတစ်ယောက်ယူလို့ ရိုးရိုးပြန်မွေးချင်တယ်ဆိုပြီး try ဖို့ ခဲယဉ်းသွားပါတယ်။ဒါကြောင့်မို့ အကျိုးနဲ့အပြစ်ကို သေချာဆင်ခြင်ပြီး မလိုအပ်ဘဲ ခွဲမမွေးဖို့ တိုက်တွန်းပါရစေရှင်။

ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။

အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုပါ https://mymedicine.com.mm/r/OGကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။





မိဘတိုင်းသိသင့်တဲ့ အော်တစ်ဇင် (ASD)