Follow us
Click here to setup your social networks

မကူးစက်တတ်သောရောဂါများ

မကူးစက်တတ်သောရောဂါများ


(2)နှစ်လောက် ကိုဗစ်ကိုပဲ အာရုံစိုက်ခဲ့ရ‌တော့ အခြားမကူးစက်တတ်ပေမယ့် ကြောက်စရာကောင်းတဲ့ ရောဂါတွေကို မေ့နေကြပြီလား?

မကူးစက်တတ်တဲ့ရောဂါတွေဆိုတာ ကိုဗစ်နဲ့ HIV တို့လို ဗိုင်းရပ်စ်ကြောင့် တစ်ယောက်ကနေ တစ်‌ယောက်ကို ကူးစက်တာမျိုးမဟုတ်ဘဲ ဆေးလိပ်၊ အရက်၊ အစားအသောက်တို့လို လူနေမှုပုံစံ၊ ပတ်ဝန်းကျင်နဲ့ မျိုးရိုးတို့ကြောင့်ဖြစ်တဲ့ ရောဂါတွေကို ခေါ်တာပါ။

ကမ္ဘာတစ်ဝှမ်းက အသက်ဆုံးရှုံးမှုအားလုံးရဲ့ 70% လောက်ရှိတယ်လို့ ခန့်မှန်းလို့ရတဲ့ တရားခံက ဆီးချိုနဲ့ နှလုံးတို့လို မကူးစက်တတ်တဲ့ နာတာရှည်ရောဂါတွေပါ။

ဒါကြောင့်မလို့ မြန်မာနိုင်ငံမှာလည်း ကိုဗစ်ထက် အဖြစ်များတတ်တဲ့ မကူးစက်တတ်တဲ့ ရောဂါတွေရှိတယ်ဆိုတာလေး သတိပြုမိအောင်လို့ အောက်မှာ ဆက်ဖတ်ပေးပါနော်။


နှလုံးသွေးကြောဆိုင်ရာ ရောဂါများ

သွေးတိုးခြင်း၊ ကိုလက်စထရော မြင့်မားခြင်းနဲ့ ဆေးလိပ်သောက်ခြင်းတို့ကြောင့် ဖြစ်တတ်တဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေက မြန်မာနိုင်ငံမှာ အသက်ဆုံးရှုံးမှုအများဆုံးရဲ့ အဓိက အကြောင်းရင်းတစ်ခုပါ။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာနဲ့ ဆေးလိပ်နဲ့ အရက်ကို ရှောင်ကြဉ်ပေးတာက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။


ကင်ဆာရောဂါများ

ကင်ဆာရောဂါကလည်း မြန်မာနိုင်ငံမှာ အသက်ဆုံးရှုံးမှုများတဲ့ ရောဂါတစ်မျိုးပါ။ ကင်ဆာရောဂါက မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်တို့ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်တယ်ဆိုပေမယ့် ကင်ဆာဖြစ်ပွားမှု အများစုကတော့ ဆေးလိပ်သောက်တာနဲ့ အစားအသောက် ညံ့ဖျင်းတာတို့လို လူနေမှုပုံစံနဲ့ ဆက်စပ်နေပါတယ်။ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး ကင်ဆာအမျိုးအစားတွေကတော့ အသည်း၊ အဆုတ်နဲ့ ရင်သားကင်ဆာတို့ဖြစ်ပြီး  ပုံမှန်ကျန်းမာရေးစစ်ဆေးပေးတာက စောစောစီးစီးသိနိုင်တာမလို့ ကင်ဆာကုသတဲ့နေရာမှာ အထောက်အကူဖြစ်စေပါတယ်။


ဆီးချိုရောဂါ

မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးသူတိုင်းနီးပါး အဖြစ်များတဲ့ ဆီးချိုရောဂါက မျိုးရိုးအပြင် အဝလွန်ခြင်း၊ သွေးတိုးရှိခြင်းနဲ့ လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ မရှိတာကြောင့် ဖြစ်တတ်ပါတယ်။ အစားအသောက်၊ လေ့ကျင့်ခန်းနဲ့ ဆေးဝါးတွေကတစ်ဆင့် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးတာက ဆီးချိုရောဂါနဲ့ ဆက်စပ်နေတဲ့ နောက်ဆက်တွဲပြဿနာတွေရန်က ကာကွယ်ပေးနိုင်ပါတယ်။


ဒီရောဂါတွေနောက်က ကပ်လိုက်နေတာကတော့ ကျောက်ကပ်၊ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေပါ။ ဒီလို မကူးစက်တတ်တဲ့ရောဂါတွေက ဝုန်းကနဲ ချက်ချင်းလက္ခဏာပြတာမျိုးမဟုတ်ဘဲ တဖြည်းဖြည်းချင်းစုပြီးမှ ပြတာတာမလို့ ကိုယ့်ကျန်းမာရေးကိုယ် အမြဲသတိထား စောင့်ကြည့်ပြီး ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့နော်။


ဆေးဝါးများဝယ်ယူရန်ဖြစ်စေ၊ အထူးကုဆရာဝန်ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်စေ  https://mymedicine.com.mm/r/gpကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်နော်။



ဘာလို့ ညနေစောင်းရင် အဖျားပိုတက်တာလဲ