Follow us
Click here to setup your social networks

မိဘတိုင်းသိသင့်တဲ့ အော်တစ်ဇင်

မိဘတိုင်းသိသင့်တဲ့ အော်တစ်ဇင်


ကိုယ်ဝန်စရှိတဲ့အချိန်ကစပြီး မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် ချစ်ရတဲ့

သားသားမီးမီးလေးတွေရဲ့ အများနဲ့မတူ တမူထူးခြားတဲ့ အပြုအမူလေးတွေကို သတိပြုမိတယ်ဆိုတာ မိဘတွေအတွက်တော့ မဆန်းတတ်ပါဘူး။ ကလေးငယ်တွေမှာ အဖြစ်များတတ်တဲ့ ရောဂါအခြေအနေတွေကို ကြိုတင်လေ့လာပြီး တစ်နေ့တစ်နေ့ လက္ခဏာတွေကို စောင့်ကြည့်လို့ စိုးရိမ်လွန် အပူကဲနေရတာတွေကလည်း မိဘတွေပဲပေါ့။

ဒါဆိုရင် ကလေးငယ်တွေမှာ အဖြစ်များတတ်ပြီး ရောဂါလက္ခဏာ ရှာဖို့ခက်တဲ့ အခြေအနေတစ်ခုရှိတယ်ဆိုတာရော ဖေဖေမေမေတို့ သိထားကြပါသလား?

 Autism Spectrum Disorder (ASD) လို့ခေါ်တဲ့ အော်တစ်ဇင်ဆိုတာ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်အခြေအနေမျိုးစုံကြောင့် ဖြစ်နိုင်ပြီး နေ့စဉ် လူမှုဆက်ဆံရေး၊ ဆက်သွယ်ပုံနဲ့ အပြုအမူတွေအပေါ် သက်ရောက်မှုရှိတဲ့ အာရုံကြောဆိုင်ရာနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ရောဂါတစ်ခုဖြစ်ပါ။ အော်တစ်ဇင်ဟာ spectrum disorder တစ်ခုလည်း ဖြစ်တာမလို့ သူရဲ့လက္ခဏာတွေက တစ်ယောက်နဲ့တစ်ယောက်မှာ ခံစားရမှုနဲ့ ပြင်းထန်မှုတွေ ကွဲပြားနိုင်ပါတယ်။ 

အော်တစ်ဇင်ရဲ့ လက္ခဏာ‌အများစုက အသက် (3) နှစ်မတိုင်ခင် ကလေးဘဝမှာဘဲ ပေါ်လာတတ်ပါတယ်

- မျက်လုံးချင်းမဆုံအောင် ရှောင်တာ

- အသက် 9 လအထိ နာမည်ခေါ်တာကို မတုံ့ပြန်တာ

- စိတ်ခံစားချက်အလိုက် မျက်နှာအမူအရာတွေ လိုက်မပြောင်းလဲတာ

- အရုပ်တစ်မျိုးတည်း ဒါမှမဟုတ် ကစားနည်းတစ်မျိုးတည်းကိုပဲ အမြဲမပြောင်းဘဲ ဆော့နေတာ

- စကားသင်ယူမှု၊ ဘာသာစကားကျွမ်းကျင်မှုတွေ နောက်ကျနေတာ

- စိတ်အားထက်သန်မှုမရှိဘဲ ဘာကိုမှ ဂရုမစိုက်တဲ့ အပြုအမူတွေ ပြနေတာ

စတာတွေက ကလေးငယ်တွေမှာ အော်တစ်ဇင် ခံစားနေရကြောင်း ပြနေနိုင်တဲ့ လက္ခဏာတွေပါ။

ကလေးအများစုမှာ ငယ်ငယ်ထဲက အော်တစ်ဇင်ရှိတာကို သတိမထားမိဘဲ အသက်ကြီးလာမှ သိရတာမျိုးလဲ ရှိပါတယ်။ ဒါက ဘာလို့လဲဆိုတော့ အော်တစ်ဇင်က ကလေးတစ်ဦးနဲ့တစ်ဦးမှာ လက္ခဏာတွေ မတူတာမလို့ သူမှန်းခွဲခြားဖို့ ခက်ခဲလို့ဖြစ်ပါတယ်။ အများစုက အော်တစ်ဇင်ရဲ့ လက္ခဏာတွေလို့ မထင်မိဘဲ ကလေးက ရှက်တယ်တယ်၊ လူကြောက်တယ်တယ်လို့ပဲ ထင်ပြီး ကုသမှုမခံယူဖြစ်တော့ အသက်ကြီးလာမှသာ အော်တစ်ဇင်မှန်း ခွဲခြားသိမိကြတာပါ။

ဒါ့အပြင် အော်တစ်ဇင်ရှိကြောင်း သိရှိထားတဲ့ ယောကျာ်းလေးတွေက မိန်းကလေးတွေထက် (4)ဆ ပိုများပါတယ်။ ဒါဟာ အော်တစ်ဇင်က ယောက်ျားလေးတွေမှာ ပိုဖြစ်တတ်တာကြောင့် မဟုတ်ပါဘူး။ အော်တစ်ဇင်ရှိတဲ့ မိန်းကလေးတွေက ယောက်ျားလေးတွေထက် လူမှုဆက်ဆံရေးစွမ်းရည်မှာ ပိုသာနေတတ်ပြီးသူတို့ရဲ့ လက္ခဏာနဲ့ အခက်အခဲတွေကို သိပ်မသိသာအောင် ဖုံးအုပ်တဲ့နေရာမှာ ပိုတော်တတ်တဲ့ အချက်ကြောင့်ပါ။ ဒါကြောင့် မိန်းကလေးတွေမှာ အော်တစ်ဇင်ရှိကြောင်း သိရဖို့ ပိုခက်တတ်တယ်ဆိုတဲ့ အကြောင်း‌လေး မီးမီးတို့ရဲ့ ဖေဖေမေမေတို့ကို သတိထားပေးစေလိုပါတယ်။

အော်တစ်ဇင်ဟာ အသက်အန္တရာယ် မစိုးရိမ်ရတဲ့ အခြေအနေတစ်ခုဆိုပေမယ့်လည်း ကလေးငယ်တွေရဲ့ နေ့စဉ်လူနေမှုဘဝကို ထိခိုက်စေတာမလို့ သားသားမီးမီးတို့မှာ အော်တစ်ဇင်ဖြစ်နေနိုင်တယ်လို့ သံသယရှိမိဆိုရင် ကလေးဘဝ အော်တစ်ဇင်အကြောင်း ကျွမ်းကျင်တဲ့ ကလေးအထူးကုဆရာဝန်ကြီးနဲ့ ချက်ချင်းတိုင်ပင်သင့်ပါတယ်။  

ကလေးဘဝ အော်တစ်ဇင်ဆိုတာ ကလေးငယ်တွေသာမက မိဘတွေအတွက်ပါ အလွန်ကြီးမားတဲ့ စိန်ခေါ်မှုတစ်‌ခုပါ။ ဒါပေမယ့်လည်း မှန်ကန်တဲ့ ကုသမှုနဲ့ လူမှုနေထိုင်မှုပုံစံတွေကနေ ချစ်ရတဲ့ သားသားမီးမီးလေး‌တို့ရဲ့ ဘဝမှာ လိုအပ်တဲ့ ဖွံ့ဖြိုးမှု၊ စွမ်းရည်တွေ တိုးတက်လာစေပြီး နေ့စဉ်ဘဝကို ခွန်အားအသစ်တွေနဲ့ ‌ဖြတ်ကျော်နိုင်သွားမှာမလို့ လက္ခဏာတွေကို အမြဲသတိထား စောင့်ကြည့်ပေးဖို့ သတိပြုပေးပါနော်…

ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေhttps://mymedicine.com.mm/r/child ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။



အလွယ်လေးဝါးစား ကလေးတို့အတွက်ကျန်းမာခြင်းများ
​ဆေးရည်လေးတွေကို ဇွန်းနဲ့ ချိန်တွယ်တိုက်ရမယ့် ဘေဘီပိစိလေးတွေမဟုတ်တော့တဲ့ သားသားမီးမီးတို့အတွက် အလွယ်တကူ ဝါးစားလို့ရပြီး ဗီတာမင်စီနဲ့ဇင့်ပါဝင်တဲ့ Ceelin Plus Chewable အား​ဆေးအခဲ​လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်​။