Follow us
Click here to setup your social networks

နို့တိုက်မိခင်မှာရင်သားကင်ဆာခံစားနေရပါက

နို့တိုက်မိခင်မှာ ရင်သားကင်ဆာခံစားနေရပါက


“ယောကျ်ားဖောင်စီး၊မိန်းမ မီးနေ" ဆိုတဲ့စကားအတိုင်း အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဉ်ကာလနဲ့ကလေးမွေးတဲ့အချိန်ဟာ လွန်စွာမှ အသက်အန္တရာယ်ရှိလှပါတယ်။မည်မျှပင်စိတ်ဓာတ်သန်မာသူဖြစ်ပါစေ ပုံမှန်ထက်စိတ်အားငယ်ခြင်း၊စိတ်ဖိစီးမှုများခြင်းတို့အပြင် အစားအသောက်ပျက်ခြင်း၊အော့အန်ခြင်းများပါဖြစ်တတ်ပါတယ်။ဒီလိုအချိန်မှာမှ ကင်ဆာဆိုတဲ့ဝေဒနာကြီးကို ရှာဖွေတွေ့ရှိလာတဲ့အခါမှာ ဘယ်လောက်တောင်တုန်လှုပ်ပြီး စိတ်ဓာတ်ကျသွားနိုင်ပါလိမ့်။

ရင်သားကင်ဆာ က ကမ္ဘာပေါ်မှာ ဒုတိယအဖြစ်အများဆုံးကင်ဆာတခုဖြစ်ပါတယ်။မျိုးရိုးလိုက်သူတွေ၊အသက်ကြီးသူတွေ၊ကလေးမရှိသူတွေမှာအဖြစ်များပြီး နို့တိုက်မိခင်တွေမှာဆိုရင် ရင်သားကင်ဆာဖြစ်နှုန်းတောင်ကျနိုင်ပါသေးတယ်။ဒါပေမယ့် ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်မှာသံသယဖြစ်ဖွယ်ရာ အကျိတ်များတွေ့ရှိနေပါက ရင်သားကင်ဆာရှိ၊မရှိ သေချာစွာစမ်းသပ်စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။နို့တိုက်မိခင်မှာ ရင်သားကင်ဆာဖြစ်တာ သေချာပြီဆိုပါက ကုသရေးကို သေချာညှိနှိုင်းရရုံသာမက ကလေးအတွက်နို့ချိုတိုက်ကျွေးရေးကိုပါ စဉ်းစားရပြီဖြစ်ပါတယ်။

နို့တိုက်မိခင်တွေမှာ ရင်သားကင်ဆာဖြစ်ပေါ်နေပါက မေမေတွေ စတင်စိတ်ပူသည်မှာ ကုသမှုယူတဲ့အခါ ကလေးကိုထိခိုက်မလားဆိုတာရယ်၊နို့ဆက်တိုက်လို့ ကလေးကို safe ဖြစ်နိုင်မလားဆိုတာရယ် ပဲ ဖြစ်ပါတယ်။ရင်သားကင်ဆာရှိနေပြီဆိုတာ သိသိချင်း ဆရာဝန်ကနို့တိုက်တာကို ရပ်ခိုင်းပါလိမ့်မယ်။ရင်သားကင်ဆာဖြစ်နေတဲ့အဆင့်နဲ့ ကုသမှုစနစ်တွေပေါ်မူတည်ပြီး ကင်ဆာဆေးသွင်းကုသခြင်း၊ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ဟော်မုန်းဖြင့်ကုသခြင်းနဲ့ ဖြစ်တဲ့နေရာကိုထိရောက်အောင်ကုသတဲ့ target therapy တွေဟာနို့ရည်ထွက်မှုကို ထိခိုက်နိုင်ပြီး နို့ရည်ထဲမှာဓာတ်တွေပါလာနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

တခါတလေ ခွဲစိတ်ကုသမှုလုပ်တဲ့အချိန်မှာဆိုရင်လည်းဆရာဝန်ကနို့တိုက်တာကို ရပ်ခိုင်းထားပါလိမ့်မယ်။နို့တိုက်တာရပ်လိုက်တဲ့အခါ ရင်သားကိုသွေးရောက်တာနည်းပြီး အကျိတ်အရွယ်အစားကိုသေးစေလို့ ခွဲစိတ်မှုလုပ်ရပိုအဆင်ပြေစေပါတယ်။အဲဒီအချိန်တွေမှာတော့ ကလေးကို formula နို့မှုန့်တွေတိုက်ခြင်းအားဖြင့် အဆင်ပြေစေနိုင်ပါတယ်။ဒါပေမယ့် ကုသမှုခံယူပြီးတဲ့အခါ (သို့)တခြားဓာတ်ရောင်ခြည်ကုသမှုအခြေအနေတွေမှာတော့ နို့ချိုဆက်လက်တိုက်ကျွေးလို့ရပါတယ်။ဒါကြောင့်မို့ နို့တိုက်မိခင်မှာ ရင်သားကင်ဆာခံစားနေရပါက သက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ပြီး နို့ချိုတိုက်ကျွေးရေးနဲ့ကုသမှုကို စနစ်တကျတိုင်ပင်သင့်ပါတယ်။

အကယ်၍သက်ဆိုင်ရာကျွမ်းကျင်ဆရာဝန်ကြီးများနဲ့ဆွေးနွေးတိုင်ပင်လိုပါက https://mymedicine.com.mm/r/Cancer  ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။


သားသားမီးမီးတို့ရဲ့ စိတ်လေးကျန်းမာနေအောင်